Yangon, Myanmar

Loan Operation & System Monitoring Officer

 Job Description:

တာဝန်ယူဆောင်ရွက်သူသည် လုပ်ငန်းစဉ် စီမံခန့်ခွဲမှု မူဘောင်တစ်ခုကို ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဖြန့်ဝေပေးနိုင်ရေးတို့အတွက် မဟာဗျူဟာများ ရေးဆွဲရာတွင် ဝိုင်းဝန်းကူညီပံ့ပိုးပေးရန် နှင့် ဆောင်ရွက်သူသည် ချေးငွေဖိုင်များအား System တွင် Limit တင်၍ ငွေထုတ်ပေးခြင်း၊ ဘဏ်ခွဲများ System သွင်းရာတွင် အဆင်ပြေစေမှုရှိစေရန် ရှင်းလင်းပြောကြားပေးခြင်း၊ New Product များအတွက် System လိုအပ်ချက်များတောင်းခံခြင်း၊ BI Report များတောင်းခံခြင်း၊ Data များပြုစုပေးခြင်းနှင့် Digital အသွင်ပြောင်းရာတွင် တက်ကြွစွာပါဝင်ရန် ဘဏ်၏နည်းဗျူဟာများနှင့် အစပျိုးမှုများကိုလည်း လုံခြုံစိတ်ချစွာ ပူးပေါင်းထောက်ပံ့ပေးရန် တာဝန်ရှိပါသည်။

အဓိကတာဝန်ဝတ္တရားများ

  • လက်ရှိလုပ်ငန်းစဉ်အတွင်း လုပ်ငန်းလည်ပတ်မှု လုပ်ထုံးလုပ်နည်းများဆိုင်ရာ စံချိန် စံညွှန်းများ တိုးတက်မှုနှင့် အချိန်နှင့် တပြေးညီ အကောင်းဆုံးလုပ်ငန်းလည်ပတ်မှု ရရှိစေရန်အတွက် Head of Collection and Monitoring အား အကြံဉာဏ်ပေးခြင်း၊ အကူအညီပေးခြင်း။
  • ချေးငွေခွင့်ပြုမိန့်ကျပြီး စာချုပ်ချုပ်ဆိုပြီးသောချေးငွေဖိုင်များအား System တွင် Limit တင်၍ ငွေထုတ်ပေးခြင်း။
  • အရစ်ကျ ထုတ်ပေးရသော ချေးငွေများအား ထပ်မံထုတ်ပေးရမည့် ကာလတွင် ထပ်မံ၍ Disbursement ပြုလုပ်ပေးခြင်း၊ ဆောက်လုပ်ဆဲကာလ ထပ်တိုးပေးရန်လိုအပ်ပါက Flexcube Sysetm တွင် ပြန်လည် ပြင်ဆင်ပေးခြင်း။
  • Product အသစ်များအတွက် Product code များနှင့် Product Categories များ System တွင်ဖြည့်သွင်းနိုင်ရန် တင်ပြတောင်းခံခြင်း။
  • အသစ်ရောက်ရှိလာသော ဝန်ထမ်းများအတွက် Email Address နှင့် Workplace များတောင်းခံခြင်းနှင့် လက်ရှိဝန်ထမ်းများ Email, BI Catalyst, Workplace, E-learning Password များမေ့လျော့နေခြင်းများအတွက် အသစ်တောင်းခံပေးခြင်း။
  • Customer CIF တွင် Home Loan နှင့်ပတ်သက်သော Customer Information များပြည့်စုံစွာ ဖြည့်စွက်ရန် ဆောင်ရွက်ပေးခြင်း။
  • SMS Portal ကို အသုံးပြု၍ Home Loan Customer များထံသို့ ပေးပို့ရမည့် Information များကို ပေးပို့ပေးခြင်း။
  • အိမ်ရာချေးငွေ တစ်စိတ်တစ်ပိုင်းပေးဆပ်ခြင်း၊ အပြေအကြေပေးဆပ်ခြင်းများပြုလုပ်လိုသည့် Customer များကို အသေးစိတ်ရှင်းလင်းပြောကြား၍ Form လက်ခံပြီး Flexcube System တွင် Partially & Fully Prepayment များပြုလုပ်ပြီး Updated EMI Schedule များပြန်လည်ထုတ်ပေးခြင်း။
  • အိမ်ရာချေးငွေပြန်လည်ပေးသွင်းရန် အခက်အခဲရှိသူများအား (၆) လဆိုင်းငံပေးခြင်းအတွက် Customer များအား အသေးစိတ်ရှင်းလင်းပြောကြား၍ Form လက်ခံပြီး Payment Holiday အတွက်ပြောင်းလဲသွားမည့် EMI များပြန်လည်ထုတ်ပေးခြင်းနှင့် Flexcube System တွင် ချေးငွေသက်တမ်းပြန်လည်ပြင်ဆင်များဆောင်ရွက်ခြင်း။
  • အိမ်ရာချေးငွေလက်ခံဆောင်ရွက်သော ဘဏ်ခွဲများအား Home Loan Categories များအကြောင်းနှင့် Flexcube System တွင်စာရင်းသွင်း (Limit တင်) ရမည့်ပုံစံများကို ရှင်းလင်းပြောကြားခြင်း။
  • လက်ရှိခွင့်ပြုထားသော ချေးငွေ Customer များမှ ချေးငွေ သက်တမ်းအား တိုးမြှင့်လိုခြင်း၊ လျှောချလိုခြင်းများ အတွက် အသေးစိတ်ရှင်းလင်းပြောကြား၍ Form လက်ခံပြီး ချေးငွေသက်တမ်း ပြောင်းလဲပေးခြင်း။
  • Home Loan Product အသစ်များ နှင့် လက်ရှိ Product များအတွက် Flexcube System တွင် ထပ်တိုးထည့်ရန် ရှိသည့် လိုအပ်ချက်များကို လေ့လာသုံးသပ်၍ ICT Flexcube Team သို့ Change Request များ တောင်းခံခြင်း။
  • နေ့စဉ် ထုတ်ချေးထားသော ချေးငွေစာရင်းများ၊ လစဉ်ထုတ်ချေးထားသော ချေးငွေစာရင်းများ၊ နှစ်စဉ်ထုတ်ချေး ထားသော ချေးငွေစာရင်းများအား ပြုစု၍ Dy-Head နှင့် Head ထံသို့တင်ပြခြင်း။
  • ဘဏ်ခွဲများသို့ System နှင့်ပတ်သက်၍ ပြင်ဆင်ရမည့် အကြောင်းအရာများအတွက် ညွှန်ကြားချက်များ ရေးသား ပြင်ဆင်၍ Dy-Head ထံသို့ ပေးပို့တင်ပြခြင်း။
  • Head နှင့် Dy-Head များမှ လိုအပ်သလို တောင်းခံလာသော Data များ အား ပြုစုပေးပို့ခြင်း။
  • Daily/ Weekly/ Monthly MIS များပြုလုပ်ရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးခြင်း။
  • CBM Interest Rate အပြောင်းအလဲများကြောင့် ပြောင်းလဲသွားသော EMI Schedule အသစ်များအား Customer များတောင်းခံလာပါက ပြန်လည် တွက်ချက်ထုတ်ပေးခြင်း။
  • ဌာနမှ အရာထမ်း၊ ဝန်ထမ်းများအတွက် Printer ချိတ်ဆက်ပေးခြင်း၊ Network ချိတ်ဆက်ပေးခြင်း၊ Computer တပ်ဆင်ပေးခြင်းများ ဆောင်ရွက်ခြင်း။
  • Overtime ဆင်းထားသော ဝန်ထမ်းများအတွက် Overtime Claim Form များဖြင့် ပြုစုတင်ပြ၍ ပေးပို့တောင်း ခံခြင်း။
  • ဌာနမှ လိုအပ်လိုသော ICT Device များအတွက် EDM Link ဖြင့် လိုအပ်သော Device များနှင့် Accessories များ အား တောင်းခံခြင်း။
  • လုပ်ငန်းအသိဉာဏ်များ အစဉ်တိုးတက်စေရန် သင်ယူလေ့လာခြင်း၊ နည်းပညာများ ဆည်းပူးလေ့လာခြင်း ၊ ပြင်ပဈေးကွက် အခြေအနေများလေ့လာခြင်း။
  • လုပ်ငန်းလိုအပ်ချက်အရအထက်အရာရှိမှ ပေးအပ်သောတာဝန်များကို လိုက်နာဆောင်ရွက်ခြင်း။
  • ဝန်ထမ်းကျင့်ဝတ်စည်းကမ်းများကို လိုက်နာဆောင်ရွက်ခြင်း။
  • ထုတ်ကုန်အသစ်များနှင့်ပတ်သက်၍ ဆောင်ရွက်ပေးရသောလုပ်ငန်းများ
  • ထုတ်ကုန်အသစ်များထုတ်ခြင်း၊ လက်ရှိလုပ်ငန်းအားပြင်ဆင်ခြင်းများပြုလုပ်ပါက ဦးစွာလေ့လာပြီး System နှင့် ပတ်သက်၍ ဖြည့်စွက်ရမည့် အချက်အလက်များ အကြံပေး ပြောကြားခြင်း ။
  • System တွင် Product Categories အသစ်များထည့်သွင်းနိုင်ရန် Change Request Form ဖြင့် ICT Team သို့ တင်ပြတောင်းခံခြင်း။
  • အိမ်ရာချေးငွေ လက်ခံဆောင်ရွက်သော ဘဏ်ခွဲများအား Prodcut အသစ်များအတွက် System တွင်ဖြည့်သွင်းရမည့် Update Information များအား ရှင်းလင်းပြောကြားခြင်း၊ User Manual များပေးပို့ခြင်း။
  • BI Report တွင် Product အသစ်များအား Categories အလိုက်ကြည့်ရှုနိုင်စေရန် Change Request Form ဖြင့် BI Team သို့တင်ပြတောင်းခံခြင်း 

လိုအပ်ချက်များ-

  • Microsoft word, Microsoft Excel Skill.
  • Good Flexcube skills
  • Good written and verbal communication skills.

Who We Are

Since 2017, KBZ Bank has undergone a significant transformation to become Myanmar's leading digital and mobile-first bank. Our initiatives have included restructuring leadership, enhancing risk management, and improving transparency. Notably, we launched KBZPay in 2018, a mobile wallet now serving over 10 million users, greatly expanding financial inclusion. Recognized for our governance and inclusion efforts, we continue to drive growth and accessibility in Myanmar's banking sector.

WHAT'S IN IT FOR YOU:

  • Rapid growth opportunities with a steep learning curve.
  • A dynamic and challenging work environment in the banking sector.
  • Commitment to your personal and professional development.
  • A diverse and international team fostering inclusion.
  • Engaging in company and team events.
  • Immediate responsibility and impact in a fast-evolving global bank.
  • Comprehensive benefits include health insurance and ongoing learning and development opportunities.


  Required Skills:

SMS Overtime Accessibility Transparency Accessories Word Insurance Banking Communication Skills Excel Risk Management Microsoft Word Email Microsoft Excel Leadership Communication Management